ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။
ယောဘဝတ္တု။ 24:8 - မြန်မာ့စံမီသမ္မာကျမ်း တောင်ပေါ်မိုးကြောင့် စိုရွှဲကုန်၏။ ခိုလှုံစရာမရှိသောကြောင့် ကျောက်ဆောင်များကြားတွင် ခိုနေရ၏။ Common Language Bible တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ Garrad Bible တောင် ပေါ် တွင် မိုး ကြီး စို စွတ် လျက်၊ ခို စ ရာ မ ရှိ သော ကြောင့်၊ ကျောက်တောင် ကို ဖက် ယမ်း ကြ ရှာ လေ၏။ Judson Bible တည်းခိုစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုးရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ |
ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။
လူတို့သည် ဖတဆိုးကို အမိရင်ခွင်မှ ဆွဲထုတ်၏။ ဆင်းရဲသားထံမှ အပေါင်ပစ္စည်းကို သိမ်းယူ၏။
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။
စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။