သို့သော် အကျွန်ုပ်၌ ဖြစ်နေသည့်အမှုတို့သည် ကိုယ်တော့်စိတ်ထဲမှ တိတ်တဆိတ်ကြံစည်ခြင်းများဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။
ယောဘဝတ္တု။ 23:9 - မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။ Common Language Bible လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ Garrad Bible ပြု ပြင် တော် မူ ရာ ဝဲ ဘက်၌ မ ဖူး ရ။ ယာ ဘက်၌ လည်း ငါ မ မြင် အောင် ပုန်း ရှောင် တော် မူ၏။ Judson Bible လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကိုမဖူးမတွေ့ရ။ လက်ယာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ |
သို့သော် အကျွန်ုပ်၌ ဖြစ်နေသည့်အမှုတို့သည် ကိုယ်တော့်စိတ်ထဲမှ တိတ်တဆိတ်ကြံစည်ခြင်းများဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
ယခုမူကား အရှေ့ဘက်သို့သွားလျှင်လည်း ကိုယ်တော်မရှိ။ အနောက်ဘက်သို့သွားလျှင်လည်း ကိုယ်တော့်ကိုမတွေ့။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။