လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
ယောဘဝတ္တု။ 23:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မဟာတန်ခိုးတော်ဖြင့် ငါ့ကို ငြင်းဆန်မည်လော။ ထိုသို့မဟုတ်ပါ။ အကယ်စင်စစ် ကိုယ်တော်သည် ငါ့စကားကို နားထောင်ပေးတော်မူလိမ့်မည်။ Common Language Bible မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။ Garrad Bible မ ဟာ တန် ခိုး တော် ဖြင့် ဘက် ပြိုင် တော် မူ မည် လော။ ထို သို့ မ ဟုတ်၊ အ ကျွန်ုပ် ကို မု ချ အ ရေး ယူ တော် မူ မည်။ Judson Bible မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရားတွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။ |
လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
ကိုယ်တော်ပြန်၍မိန့်တော်မူမည့်စကားတို့ကိုလည်း ငါသိရမည်။ ကိုယ်တော်မိန့်ဆိုသောစကားတို့ကိုလည်း ငါနားလည်နိုင်မည်။
ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။
လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
အကျွန်ုပ်ခေါ်သောနေ့၌ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အစွမ်းသတ္တိနှင့်ပြည့်စေတော်မူ၏။
ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် ငါအသက်ရှင်သည်နှင့်အညီ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်၊ ပြင်းထန်သောအမျက်တော်ဖြင့် သင်တို့ကို အုပ်စိုးမည်။
သင်တို့ကို လူမျိုးတကာတို့နေရာ တောကန္တာရသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် သင်တို့ကို မျက်နှာချင်းဆိုင် စီရင်မည်။