အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။
ယောဘဝတ္တု။ 23:16 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။ Common Language Bible ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။ Garrad Bible ငါ့ စိတ် နှ လုံး ကို ဘု ရား သ ခင် အ ရည် ဖျော်၍၊ အ န န္တ တန် ခိုး ရှင် သည်၊ အား ကို လျော့ စေ တော် မူ ခဲ့ လေ ပြီ။ Judson Bible ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှာလည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ |
အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။
ထို့ကြောင့် ငါသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်နေရပါ၏။ တွေးမိတိုင်း ကိုယ်တော်ကို ကြောက်ရွံ့နေရပါ၏။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
‘အို အစ္စရေးလူမျိုးတို့၊ နားထောင်ကြလော့။ သင်တို့၏ရန်သူတို့နှင့် စစ်တိုက်ရမည့် အချိန်နီးပြီ။ စိတ်မပျက်ကြနှင့်။ မကြောက်ကြနှင့်။ မချောက်ချားကြနှင့်။ ထိုသူတို့ကြောင့် မထိတ်လန့်ကြနှင့်။
နောမိကလည်း “အကျွန်ုပ်ကို နောမိဟု မခေါ်ပါနှင့်။ မာရဟု ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်အား ခါးသီးစွာခံစားရစေတော်မူပြီ။