ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။
ယောဘဝတ္တု။ 21:6 - မြန်မာ့စံမီသမ္မာကျမ်း ငါပြန်တွေးမိတိုင်း ထိတ်လန့်ပြီး အသားများလည်း တဆတ်ဆတ်တုန်ပါ၏။ Common Language Bible ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။ Garrad Bible ငါ သ တိ ရ လျှင်၊ စိတ် လျော့၍၊ ကိုယ် တုန် လှုပ် ရ၏။ Judson Bible ငါသည် အောက်မေ့သောအခါ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။ |
ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်တုန်လှုပ်ခြင်းသည် အကျွန်ုပ်အပေါ်ကျရောက်၍ ကြောက်ရွံ့စိတ်သည်လည်း အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။
ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။ ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ)
အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။