သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
ယောဘဝတ္တု။ 21:5 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုကြည့်၍ အံ့အားသင့်လျက် လက်နှင့်ပါးစပ်ကို ပိတ်ထားကြလော့။ Common Language Bible ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။ Garrad Bible ငါ့ ကို လှည့် ကြည့်၍ အံ့ အား သင့် လျက်၊ နှုတ် ကို လက် နှင့် ပိတ် ထား ကြ လော့။ Judson Bible ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။ |
သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
ဤအဖြစ်ကြောင့် ဖြောင့်မှန်သောသူတို့သည် အံ့ဩထိတ်လန့်ကြပြီ။ အပြစ်မဲ့သောသူတို့သည်လည်း ဘုရားတရားမဲ့သောသူတို့အပေါ် မခံမရပ်နိုင်ဖြစ်ကြပြီ။
သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
သင်သည် မိမိကိုယ်ကိုချီးမြှောက်လျက် မိုက်မဲစွာပြုမူခဲ့လျှင်၊ သို့မဟုတ် မကောင်းကြံစည်ခဲ့လျှင် သင်၏နှုတ်ကိုလက်နှင့်ပိတ်ထားလော့။
သူသည် လူမျိုးများစွာတို့ကို သန့်ရှင်းစေမည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် နှုတ်ပိတ်လျက်နေမည်။ အကြောင်းမူကား သူတို့အား မပြောပြဖူးသောအရာကို သူတို့သိမြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
လူမျိုးခြားတို့သည် ထိုအမှုတို့ကိုမြင်၍ ခပ်သိမ်းသောကိုယ့်အစွမ်းတန်ခိုးတို့ကိုပြန်ကြည့်ပြီး ရှက်ကြလိမ့်မည်။ နှုတ်ကိုလက်နှင့်ပိတ်၍ နားလည်းမကြားဘဲနေလိမ့်မည်။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
ထိုသူတို့ကလည်း “သင့်လက်ဖြင့် ပါးစပ်ကိုပိတ်ပြီး တိတ်တိတ်နေလော့။ အကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့၍ အကျွန်ုပ်တို့၏အဖ၊ အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အဖြစ်နေပါ။ သင်သည် မိသားစုတစ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းထက် အစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်၊ အစ္စရေးလူမျိုးထဲမှ မျိုးနွယ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းက ပိုကောင်းသည်မဟုတ်လော”ဟု သူ့အား မေးလေ၏။