ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
ယောဘဝတ္တု။ 21:27 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။ Common Language Bible သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။ Garrad Bible သင် တို့၏ အ ကြံ အ စည် များ ကို လည်း ကောင်း၊ မှူး မတ်၏ အိမ်၊ လူ ဆိုး တို့ တည်း ခို ရာ တဲ၊ အ ဘယ် မှာ နည်း ဟူ၍၊ ရက် စက် သော တစ် ဖက် သတ် ကြံ ဆ ချက် များ ကိုလည်း ကောင်း၊ ငါ သိ၏။ Judson Bible သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသောစိတ်နှင့် ဆင်ခြင်သောအရာတို့ကို ငါသိ၏။ |
ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
အကျွန်ုပ်၌ ဒုစရိုက်မရှိဘဲလျက် သူတို့သည် ပြေးလာ၍ အသင့်ပြင်ထားကြပါ၏။ အကျွန်ုပ်ကိုမစရန် နိုးကြွ၍ကြည့်ရှုတော်မူပါ။
ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။