သူတို့သည် ပတ်သာ၊ စောင်းတို့ကိုတီးလျက် သီချင်းဆိုကြ၏။ ပလွေသံများဖြင့် ဝမ်းမြောက်ပျော်ရွှင်လျက် နေကြ၏။
ယောဘဝတ္တု။ 21:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။ Common Language Bible ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ Garrad Bible တ ခ ဏ မျှ နှင့် မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သွား ခွင့် ရ ကြ၏။ Judson Bible ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ချင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ |
သူတို့သည် ပတ်သာ၊ စောင်းတို့ကိုတီးလျက် သီချင်းဆိုကြ၏။ ပလွေသံများဖြင့် ဝမ်းမြောက်ပျော်ရွှင်လျက် နေကြ၏။
လူတစ်ယောက်သည် အရိုးများအားပြည့်လျက်၊ တစ်ကိုယ်လုံးကျန်းမာသန်စွမ်းလျက်၊ လုံခြုံအေးချမ်းလျက်၊
ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
မိုးခေါင်၍အပူရှိန်သည် နှင်းပွင့်ကို ဝါးမျိုသကဲ့သို့ မရဏာနိုင်ငံသည် အပြစ်ပြုသောသူတို့ကို ဝါးမျိုလိမ့်မည်။
သူတို့သည် ခဏတာချီးမြှောက်ခံရပြီးမှ ပျောက်ကွယ်သွားရလိမ့်မည်။ နှိမ့်ချခြင်းခံရ၍ အများသူငါကဲ့သို့ စုသိမ်းခြင်းခံရလိမ့်မည်။ ကောက်နှံကဲ့သို့ ရိတ်ဖြတ်ခြင်း ခံရလိမ့်မည်။
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
သူတို့သည် နာခံ၍ အမှုတော်ကိုဆောင်ရွက်လျှင် ကောင်းစားသောနေ့ရက်များ၊ နှစ်လိုဖွယ်သောနှစ်ကာလများကို ဖြတ်သန်းသွားရလိမ့်မည်။
အကြောင်းမှာ ထိုသူတို့သည် သေသည့်အချိန်အထိ ဝေဒနာကို မခံစားကြရပေ။ သူတို့၏ကိုယ်ခန္ဓာသည်လည်း ဝဖြိုးလျက်ရှိ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။