ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။
ယောဘဝတ္တု။ 19:18 - မြန်မာ့စံမီသမ္မာကျမ်း ကလေးသူငယ်များပင်လျှင် ငါ့ကို မထီမဲ့မြင်ပြုကြ၏။ ငါမတ်တတ်ရပ်နေလျှင် ငါ့ကို သရော်ကြ၏။ Common Language Bible သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။ Garrad Bible သူ ငယ် တို့ ပင် ငါ့ ကို မ ထီ လေး စား ပြု၍၊ ငါ ထ မည် ပြု သော်၊ သ ရော် တတ် ကြ၏။ Judson Bible သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထသောအခါ ကဲ့ရဲ့ကြ၏။ |
ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။
ငါအသက်ရှူခြင်းသည် ငါ့မိန်းမအဖို့ ရွံရှာစရာ၊ ငါ့ညီအစ်ကိုတို့အဖို့ စက်ဆုပ်စရာဖြစ်၏။
ငါနှင့်ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေအားလုံးတို့သည် ငါ့ကို စက်ဆုပ်ရွံရှာကြ၏။ ငါချစ်သောသူတို့သည် ငါ့ကိုကျောခိုင်းသွားကြ၏။
ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
သူတို့သည် လက်ယာဘက်မှနေ၍ အုပ်စုလိုက် ထကြွကြလျက် ငါ့ခြေကို တွန်းကြ၏။ ငါ့ကို ဖျက်ဆီးရန် နည်းလမ်းရှာကြံကြ၏။
သင်သည်ထိုင်၍ သင့်ညီအစ်ကိုကိုဆန့်ကျင်ပြောဆိုလျက် သင့်မိခင်၏သားကိုဆဲဆိုတတ်၏။
လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။