အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 19:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​၏​ဗိုလ်ခြေ​တို့​သည် အတူတကွ​ချီတက်​လာ​ကြ​၍ ကျုံး​များ​ကို​တူး​လျက် ငါ့​တဲ​ပတ်ပတ်လည်​တွင် စခန်းချ​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

စစ် တပ် တော် များ သည်၊ တစ် ပြိုင် နက် ချီ လာ ပြီး လျင် က တုတ် လှန်၍၊ ငါ၏ တဲ ကို ဝန်း ဝိုင်း လျက် စ ခန်း ချ ကြ လေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

စစ်​ချီ​လာ၍၊ စစ်​သူ​ရဲ​တော်​တို့​သည် ငါ့​ရှေ့​သို့​ရောက်​ခြင်း​ငှာ၊ ကျုံး​တူး၍ ငါ့​ပတ်​လည်၌ တပ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 19:12
7 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲဒုက္ခ​နှင့် ပူပင်သောက​တို့​သည် သူ့​ကို​ခြောက်လှန့်​လျက်​ရှိ​၏​။ စစ်တိုက်​ရန် အသင့်ရှိ​နေ​သော​ရှင်ဘုရင်​ကဲ့သို့ သူ့​ကို အနိုင်ယူ​လျက်​ရှိ​၏​။


ဘုရားသခင်​သည် ငါ့​ကို လူမိုက်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။ လူဆိုး​တို့​လက်​သို့ ထိုးအပ်​လိုက်​လေ​ပြီ​။


ကိုယ်တော်​၏​လေးသည်တော်​တို့​သည် ငါ့​ကို ဝိုင်း​ထား​ကြ​၏​။ ကိုယ်တော်​သည် ငါ့​ကျောက်ကပ်​ကို မ​ညှာ​မ​တာ​ပစ်ခတ်​တော်မူ​၏​။ ငါ့​သည်းခြေ​ကို​လည်း မြေ​ပေါ်သို့ ဖောက်ချ​တော်မူ​၏​။


သူ​တို့​သည် လက်ယာ​ဘက်​မှ​နေ​၍ အုပ်စုလိုက် ထကြွ​ကြ​လျက် ငါ့​ခြေ​ကို တွန်း​ကြ​၏​။ ငါ့​ကို ဖျက်ဆီး​ရန် နည်းလမ်း​ရှာကြံ​ကြ​၏​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


‘​ငါ​တို့ ဖြတ်သွား​မည်​။ ဝပ်​နေ​လော့​’​ဟု ဆို​ကြ​သဖြင့် ဖြတ်သွား​သော​သူ​တို့​အတွက် သင်​သည် သင့်​ကျောကုန်း​ကို မြေပြင်​သဖွယ်​၊ လမ်း​သဖွယ်​ခင်းပေး​ခဲ့​ရ​၏​။ ထိုသို့ သင့်​ကို အနိုင်ကျင့်​ခဲ့​သော​သူ​တို့​လက်​ထဲသို့ ထို​ဖလား​ကို ငါ​ထည့်​မည်​”​ဟု မိန့်​တော်မူ​၏​။