သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။
ယောဘဝတ္တု။ 17:2 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။ Common Language Bible ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။ Garrad Bible လှည့် စား တတ် သူ တို့ သည်၊ ငါ နှင့် အ တူ မု ချ ရှိ ကြ၍၊ ၎င်း တို့၏ မြှောက် ဆွ ခြင်း ကို ငါ ရှု မြင် လျက် နေ ရ၏။ Judson Bible ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည် မဟုတ်လော။ သူတို့နှောင့်ယှက်သော အခြင်းအရာတို့ကို အစဉ်ငါကြည့်မြင်ရသည် မဟုတ်လော။ |
သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။
ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။
ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
သူ၏စိတ်ဝိညာဉ်သည် ကောင်းမွန်စွာနေထိုင်ရ၍ သူ၏သားစဉ်မြေးဆက်တို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။