ယောဘဝတ္တု။ 17:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အသက်ဝိညာဉ် ချုပ်ငြိမ်းပြီ။ ငါနေရမည့်နေ့ရက်တို့ ကုန်ဆုံးပြီ။ သင်္ချိုင်းလည်း ငါ့ကို စောင့်ကြိုနေပြီ။ Common Language Bible ငါ့အသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။ Garrad Bible ငါ့ ဇီ ဝ ကုန်၍၊ အ သက် တာ ဆုံး ပြီ။ သုဿန် သို့ လည်း ရောက် လု ပြီ။ Judson Bible ငါ့အသက်ကုန်ပြီ။ ငါနေရသောကာလ လွန်ပြီ။ သင်္ချိုင်းသည် ငါ့အဖို့ဖြစ်၏။ |
ငါနေရမည့်နေ့ရက်များ ကုန်လွန်သွားပြီ။ ငါ့ရည်ရွယ်ချက်၊ ငါ့စိတ်အလိုဆန္ဒများလည်း ပျက်လွင့်ကုန်ပြီ။
ငါအသက်ရှူခြင်းသည် ငါ့မိန်းမအဖို့ ရွံရှာစရာ၊ ငါ့ညီအစ်ကိုတို့အဖို့ စက်ဆုပ်စရာဖြစ်၏။
ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။
မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။