အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ယောဘဝတ္တု။ 15:10 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။ Common Language Bible သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။ Garrad Bible အ ကျွန်ုပ် တို့ တွင်၊ သင့် အ ဘ ထက် အ သက် ကြီး လျက်၊ ဆံ ဖြူ အို မင်း သူ ရှိ၏။ Judson Bible သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။ |
အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ယုံကြည်စိတ်ချရသောသူတို့ကို နှုတ်ဆိတ်စေတော်မူ၍ သက်ကြီးဝါကြီးတို့၏ဆင်ခြင်ဉာဏ်ကို နုတ်ယူတော်မူ၏။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။
လွန်လေပြီးသောနေ့ရက်များကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်များကို ဆင်ခြင်သုံးသပ်လော့။ သင့်ဖခင်ကို မေးလော့။ သင့်ကို ရှင်းပြလိမ့်မည်။ သက်ကြီးဝါကြီးတို့ကို မေးလော့။ သင့်ကို ပြောပြလိမ့်မည်။