ကိုယ်ခန္ဓာနာကျင်မှုကိုသာ သူခံစားရ၍ သူ့အတွက်သာ သူညည်းတွားလျက်နေရ၏”ဟု ဆိုလေ၏။
ယောဘဝတ္တု။ 15:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က Common Language Bible တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား၊ Garrad Bible ထို အ ခါ၊ တေ မန့် အ မျိုး သား ဧ လိ ဖတ် တုံ့ ပြန် မြွက် ဆို သည် ကား၊ Judson Bible တစ်ဖန် တေမန်အမျိုးသားဧလိဖတ် မြွက်ဆိုသည်ကား၊ |
ကိုယ်ခန္ဓာနာကျင်မှုကိုသာ သူခံစားရ၍ သူ့အတွက်သာ သူညည်းတွားလျက်နေရ၏”ဟု ဆိုလေ၏။
“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကိုထောက်၍ လက်ခံတော်မူ၏။