သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။
ယောဘဝတ္တု။ 14:8 - မြန်မာ့စံမီသမ္မာကျမ်း အမြစ်တို့သည် မြေအောက်တွင်အိုသွား၍ အငုတ်သည် မြေပေါ်တွင်သေသွားလျှင်လည်း Common Language Bible မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ Garrad Bible အောက် မြေ၌ အ မြစ် ဟောင်း၍၊ အ ပေါ် မြေ တွင် အ ငုတ် သေ သော် လည်း၊ Judson Bible မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ |
သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။