ကွယ်ရာ၌ သင်တို့မျက်နှာလိုက်တတ်ကြလျှင် သင်တို့ကို ကိုယ်တော် ဧကန်ဆုံးမတော်မူလိမ့်မည်။
ယောဘဝတ္တု။ 13:8 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။ Common Language Bible မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။ Garrad Bible မျက် နှာ တော် ကို ငဲ့၍၊ ဘု ရား သ ခင် ဘက်၌ ထု ချေ ကြ မည် လော။ Judson Bible မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တစ်ဖက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။ |
ကွယ်ရာ၌ သင်တို့မျက်နှာလိုက်တတ်ကြလျှင် သင်တို့ကို ကိုယ်တော် ဧကန်ဆုံးမတော်မူလိမ့်မည်။
မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ မည်သူ့ကိုမျှ မျက်နှာချိုသွေးပြီး မပြောပါ။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
“သင်တို့သည် ငါ့တရားလမ်းကိုမလိုက်၊ မျက်နှာရဖို့သာသွန်သင်တတ်ကြသောကြောင့် ငါသည် သင်တို့ကို လူအပေါင်းတို့ရှေ့တွင် မထီမဲ့မြင်ပြုစရာ၊ ရှုတ်ချစရာဖြစ်စေမည်။”