အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
ယောဘဝတ္တု။ 13:21 - မြန်မာ့စံမီသမ္မာကျမ်း လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။ Common Language Bible လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။ Garrad Bible အ ကျွန်ုပ် ကို ဘေး ဖြင့် မ ခြောက် လှန့် ဘဲ၊ လက် တော် ကင်း ဝေး စေ တော် မူ ပါ။ Judson Bible လက်တော်ကို သိမ်းတော်မူပါ။ ကြောက်မက်ဖွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ခြောက်တော်မမူပါနှင့်။ |
အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
ကိုယ်တော်၏တန်ခိုးတော်သည် သင်တို့ကို ကြောက်ရွံ့စေမည်မဟုတ်လော။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ဘေးသည် သင်တို့အပေါ် ကျရောက်မည် မဟုတ်လော။
အကျွန်ုပ်အား အချက်နှစ်ချက်သာလျှင် မပြုဘဲ နေတော်မူပါ။ သို့ပြုလျှင် ကိုယ်တော့်ထံမှ ပုန်းရှောင်မည်မဟုတ်ပါ။
အကျွန်ုပ်ခြိမ်းခြောက်သောစကားကြောင့် ကြောက်လန့်စရာမလိုပါ။ သင့်ကို အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုနိုင်ပါ။
ကိုယ်တော်သည် မိမိ၏ကြိမ်လုံးကို ငါ့ထံမှဖယ်ရှားတော်မူပါစေသော။ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာတို့ဖြင့် ငါ့ကိုမခြောက်လှန့်ပါစေနှင့်။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကိုယ်တော်၏ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ လက်တော်၏ရိုက်နှက်မှုကြောင့် အကျွန်ုပ်သည် အားအင်ကုန်ခန်းပါပြီ။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သော လူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို ငါမဆုံးမခဲ့။