ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
ယောဘဝတ္တု။ 13:20 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အား အချက်နှစ်ချက်သာလျှင် မပြုဘဲ နေတော်မူပါ။ သို့ပြုလျှင် ကိုယ်တော့်ထံမှ ပုန်းရှောင်မည်မဟုတ်ပါ။ Common Language Bible ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။ Garrad Bible အ ကျွန်ုပ်၌ ဒဏ် နှစ် ရပ် ကို စီ ရင် တော် မ မူ ပါ နှင့်။ မ မူ လျှင် မျက် နှာ တော် ကွယ် အောင် ပုန်း ရှောင် မည် မ ဟုတ် ပါ။ Judson Bible ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။ |
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
ကိုယ်တော်အတွက် အမှောင်သည် မမှောင်ပါ။ ညသည် နေ့ကဲ့သို့လင်းပါ၏။ မှောင်မည်းခြင်းသည်လည်း အလင်းကဲ့သို့ဖြစ်ပါ၏။