ကိုယ်တော့်လက်ဖြင့် အကျွန်ုပ်ကို စေ့စပ်သေချာစွာပုံဖော်ဖန်ဆင်းတော်မူခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်ကို ဖျက်ဆီးတော်မူမည်လော။
ယောဘဝတ္တု။ 13:19 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။ Common Language Bible ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။ Garrad Bible ငါ နှင့် မည် သူ ဘက် ပြိုင် မည် နည်း။ ထွက် ပေါ် လျှင်၊ ဆိတ် ဆိတ် နေ၍ ငါ အ သေ ခံ မည်။ Judson Bible ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။ |
ကိုယ်တော့်လက်ဖြင့် အကျွန်ုပ်ကို စေ့စပ်သေချာစွာပုံဖော်ဖန်ဆင်းတော်မူခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်ကို ဖျက်ဆီးတော်မူမည်လော။
အကျွန်ုပ်အား အချက်နှစ်ချက်သာလျှင် မပြုဘဲ နေတော်မူပါ။ သို့ပြုလျှင် ကိုယ်တော့်ထံမှ ပုန်းရှောင်မည်မဟုတ်ပါ။
သင်ပြောစရာရှိလျှင် ပြန်ပြောပါလော့။ သင်ဖြောင့်မတ်ကြောင်းကို ငါဖော်ပြလိုသည်ဖြစ်၍ ပြောပါလော့။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။ ငါအပြစ်ရှိသည်ဟု မည်သူစီရင်မည်နည်း။ စီရင်သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။ သူတို့ကို ပိုးကိုက်စားလိမ့်မည်။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။