ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
ယောဘဝတ္တု။ 13:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။ Common Language Bible သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ Garrad Bible သင် တို့ ဥ ဒါန်း စ ကား များ သည်၊ ပြာ ပုံ သ ဖွယ် က တုတ် များ လည်း သ ရွတ် သ ဖွယ် ဖြစ် လိမ့် သ တည်း။ Judson Bible သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ |
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ကိုယ်တော်၏တန်ခိုးတော်သည် သင်တို့ကို ကြောက်ရွံ့စေမည်မဟုတ်လော။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ဘေးသည် သင်တို့အပေါ် ကျရောက်မည် မဟုတ်လော။
မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။
သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။
မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ထိုအပြစ်များသည် ထာဝရဘုရားရှေ့တော်၌ အစဉ်ရှိနေပါစေ။ သူ့ဘိုးဘေးတို့နှင့်ပတ်သက်သည့် အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။
ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
သေသောသူတို့သည် ပြန်မရှင်။ သေသောသူတို့၏ဝိညာဉ်သည် မထမြောက်။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုအပြစ်ဒဏ်ပေး၍ ဖျက်ဆီးတော်မူ၏။ သူတို့နှင့်ဆိုင်သည့်အမှတ်တရအားလုံးကို ဖယ်ရှားတော်မူ၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။