သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
ယောဘဝတ္တု။ 13:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏တန်ခိုးတော်သည် သင်တို့ကို ကြောက်ရွံ့စေမည်မဟုတ်လော။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ဘေးသည် သင်တို့အပေါ် ကျရောက်မည် မဟုတ်လော။ Common Language Bible သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။ Garrad Bible မြင့် မြတ် တော် မူ ခြင်း ကြောင့်၊ သင် တို့ သည် ထိန့် လန့် လျက်၊ ကိုယ် တော် အား ကြောက် ရွံ့ ရာ ရောက် ကြ မည် မ ဟုတ် လော။ Judson Bible သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဖွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။ |
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။