ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
ယောဘဝတ္တု။ 13:10 - မြန်မာ့စံမီသမ္မာကျမ်း ကွယ်ရာ၌ သင်တို့မျက်နှာလိုက်တတ်ကြလျှင် သင်တို့ကို ကိုယ်တော် ဧကန်ဆုံးမတော်မူလိမ့်မည်။ Common Language Bible သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။ Garrad Bible မျက် နှာ ကို လျှို့ တ ဝှက် ထောက် ကြ လျှင်၊ သင် တို့ ကို ဆုံး မ တော် မူ လိမ့် မည်။ Judson Bible သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကိုထောက်လျှင်၊ စင်စစ် သင်တို့ကို ဆုံးမတော်မူမည်။ |
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ မည်သူ့ကိုမျှ မျက်နှာချိုသွေးပြီး မပြောပါ။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ)
သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။