ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်ကို အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်ကို အမျိုးအလိုက်၊ မြေပေါ်ရှိတွားသွားသောတိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
ယောဘဝတ္တု။ 12:8 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် မြေကြီးအကြောင်းကို ဆင်ခြင်ကြည့်ပါ။ သင့်ကို သွန်သင်လိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း သင့်ကိုပြောပြကြလိမ့်မည်။ Common Language Bible မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။ Garrad Bible လျှောက် ထား လျှင်၊ မြေ ကြီး မှ စ၍ ရေ သ တ္တ ဝါ များ လည်း၊ သွန် သင် ဖော် ပြ ကြ လ တ္တံ့။ Judson Bible မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။ |
ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်ကို အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်ကို အမျိုးအလိုက်၊ မြေပေါ်ရှိတွားသွားသောတိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
တိရစ္ဆာန်တို့ကို မေးကြည့်လော့။ သင့်ကိုသွန်သင်လိမ့်မည်။ မိုးကောင်းကင်ငှက်တို့ကို မေးကြည့်လော့။ သင့်ကိုပြောပြလိမ့်မည်။
ဤအမှုအရာအား ထာဝရဘုရားစီရင်တော်မူကြောင်းကို သတ္တဝါအပေါင်းတို့ မသိဘဲနေမည်လော။