ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ယောဘဝတ္တု။ 12:16 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။ Common Language Bible တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။ Garrad Bible ကိုယ် တော်၌ တန် ခိုး တော်၊ အ မျှော် အ မြင် ပ ညာ တော် ရှိ၍၊ မှောက် မှား သူ နှင့် မှောက် မှား စေ သူ တို့ ကို ပိုင် တော် မူ၏။ Judson Bible တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။ |
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။
ကိုယ်တော်သည် ဉာဏ်ပညာရှိတော်မူ၏။ ဘေးအန္တရာယ်ကို ကျရောက်စေမည်။ စကားတော်ကို မရုပ်သိမ်းဘဲ ဆိုးညစ်သောအမျိုးကို ဆန့်ကျင်ရန် ထတော်မူမည်။ အပြစ်ဒုစရိုက်ပြုသူတို့အား ကူညီသူကို ဆန့်ကျင်ရန် ထတော်မူမည်။
ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။
“ဘုရားသခင်၏နာမတော်ကို ကာလအစဉ်အဆက်ချီးမွမ်းကြပါစေသော။ ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးသည် ကိုယ်တော့်ထံမှဖြစ်ပါ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]