အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏ခြေလှမ်းတို့ကို ရေတွက်တော်မူသော်လည်း အကျွန်ုပ်၏အပြစ်ကို မှတ်တော်မမူပါ။
ယောဘဝတ္တု။ 10:14 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အပြစ်ပြုမိလျှင် ကိုယ်တော်မှတ်တော်မူပြီး အပြစ်မှကင်းလွတ်ခွင့်ကို အကျွန်ုပ်အား ပေးတော်မူမည်မဟုတ်။ Common Language Bible အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ်။ Garrad Bible အ ကျွန်ုပ် ပြစ် မှား မိ လျှင်၊ ကိုယ် တော် မှတ် တော် မူ လိမ့် မည်။ ဒု စ ရိုက် ကင်း သည် ဟူ၍ လည်း ပြ ဋ္ဌာန်း တော် မူ မည် မ ဟုတ်။ Judson Bible အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည်မဟုတ်။ |
အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏ခြေလှမ်းတို့ကို ရေတွက်တော်မူသော်လည်း အကျွန်ုပ်၏အပြစ်ကို မှတ်တော်မမူပါ။
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
ကိုယ်တော်သည် အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့ဝှက်ထားသောအပြစ်များကို မျက်နှာတော်၏အလင်း၌လည်းကောင်း ချထားတော်မူ၏။
မျိုးဆက်အထောင်အသောင်းတို့အား မေတ္တာကရုဏာထား၍ ကျူးလွန်သောဒုစရိုက်အပြစ်တို့ကိုခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ။ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်သည်”ဟု မြွက်ဆိုတော်မူ၏။
ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။
‘ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ၊ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်၏’ဟု မိန့်တော်မူသည်နှင့်အညီ ဖြစ်ပါစေသော။