သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
ယောဘဝတ္တု။ 1:9 - မြန်မာ့စံမီသမ္မာကျမ်း စာတန်ကလည်း ထာဝရဘုရားအား “ယောဘသည် ဘုရားသခင်ကို အကြောင်းမဲ့ကြောက်ရွံ့ရိုသေပါမည်လော။ Common Language Bible စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ Garrad Bible စာ တန် က ယော ဘ သည်၊ ဘု ရား သ ခင် ကို အ ကျိုး မဲ့ ခန့် ညား ပါ သ လော။ Judson Bible စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ |
သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။
သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။