တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
က န္တာ ရ မုန် တိုင်း ကျ၍၊ အိမ် လေး ထောင် ကို တိုက် ဝှေ့ သည့် အ တွက်၊ ထို ပျို ရွယ် သူ တို့ အ ပေါ် သို့ အိမ် ပြို ပိ သ ဖြင့် သေ ကြ ပါ ပြီ။ ကျွန် တော် တစ် ယောက် တည်း သာ လွတ်၍၊ ကိုယ် တော် အား ပြန် ကြား ရ ပါ သည် ဟု လျှောက် လေ၏။
တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတစ်ဦးရောက်လာ၍ “အရှင်၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြစဉ်
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည်ပြိုလဲသွား၏။ ၎င်း၏ပြိုလဲခြင်းသည်လည်း ဆိုးရွားလှပေ၏။”
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
“အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။