ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။
ယာကုပ် 4:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။ Common Language Bible သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။- Judson Bible နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မနက်ဖြန်တွင် မည်သို့ဖြစ်မည်ကိုပင် မသိကြ။ သင်တို့၏ အသက်သည် မည်သို့နည်း။ ခေတ္တမျှ ပေါ်လာပြီးနောက် ပျောက်ကွယ်တတ်သော အခိုးအငွေ့နှင့်တူ၏။ |
ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။
အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။ သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
သူတို့သည် အသွေးအသားဖြစ်ကြောင်းနှင့် ထွက်ခွာသွားပြီးလျှင် ပြန်မလာတော့သည့်လေဖြစ်ကြောင်း ကိုယ်တော်အောက်မေ့တော်မူ၏။
အကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊ လူသားအပေါင်းတို့ကို အချည်းနှီးသောအရာအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သတိရတော်မူပါ။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
လောကနှင့်လောကီတပ်မက်ခြင်းတို့သည် ရွေ့လျားကွယ်ပျောက်သွားမည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။