ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
ယာကုပ် 3:4 - မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။ Common Language Bible အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။- Garrad Bible သင်္ဘော များ လည်း အ လွန် ကြီး မား၍ လေ ပြင်း တိုက် ရာ ခံ ရ သော် လည်း အ လွန် ငယ် သော တက် မ ဖြင့် တက် မ ကိုင် အ လို ရှိ ရာ လှည့် စေ နိုင် သည် တ ကား။ Judson Bible ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။ |
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ထိုအခါ ပင်လယ်ပေါ်၌ ပြင်းထန်သောမုန်တိုင်းကျရောက်လာသဖြင့် လှေသည် လှိုင်းများအောက် နစ်လုမတတ်ဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် အိပ်စက်နေတော်မူ၏။
သို့သော် တပ်မှူးသည် ပေါလုပြောဆိုသောစကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့ကို ပို၍ယုံ၏။
ငါတို့ကိုနာခံစေရန် မြင်း၏ပါးစပ်ထဲသို့ ဇက်ခွံ့သောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ငါတို့လှည့်နိုင်၏။
ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။