ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
ယာကုပ် 2:24 - မြန်မာ့စံမီသမ္မာကျမ်း လူသည် ယုံကြည်ခြင်းအားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်းကို သင်တို့သိမြင်ရကြ၏။ Common Language Bible သို့ဖြစ်၍လူသည်ယုံကြည်ခြင်းအားဖြင့် သာမဟုတ်ဘဲ ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံမှုကိုရရှိနိုင်ကြောင်းသင်တို့သိ ကြ၏။ Garrad Bible ထို ကြောင့် လူ သည် ယုံ ကြည် ခြင်း အား ဖြင့် သာ မ ဟုတ်။ ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် ကို သင် တို့ သိ မြင် နိုင် ကြ ၏။ Judson Bible လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့သိမြင်ရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသည် ယုံကြည်ခြင်းအားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြောင်း သင်တို့သိမြင်ကြ၏။ |
ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
အကြောင်းမူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။
ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်၏။ အာဗြဟံသည်လည်း ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်ခြင်းကိုခံရ၏။
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။