ထိုသူတို့သည် အံ့ဩလျက် “ဤသူကား မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု ပြောဆိုကြ၏။
ယာကုပ် 1:24 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် မိမိကိုယ်ကိုကြည့်ပြီး ထွက်ခွာသွားသည်နှင့် မိမိသည် မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ချက်ချင်းမေ့လျော့သွားတတ်၏။ Common Language Bible သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။- Garrad Bible သွား လျှင် သွား ခြင်း ကိုယ့် သ ဏ္ဌာန် ကို မေ့ လျော့ တတ် သူ နှင့် တူ ၏။ Judson Bible အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြည့်ပြီးနောက် ထွက်သွားသည်နှင့် သူ၏ အသွင်အပြင်ကို ချက်ချင်းမေ့လျော့တတ်သောသူနှင့် တူ၏။ |
ထိုသူတို့သည် အံ့ဩလျက် “ဤသူကား မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု ပြောဆိုကြ၏။
ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
မည်သူမဆို နှုတ်ကပတ်တော်ကို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိလျှင် ထိုသူသည် မိမိ၏ပကတိမျက်နှာကို မှန်ထဲ၌ကြည့်သောသူနှင့်တူ၏။
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ဤအရာအားလုံးတို့သည် ထိုသို့ပျက်သုဉ်းသွားမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများဖြစ်သင့်သနည်း။ သင်တို့သည် သန့်ရှင်းစွာအသက်ရှင်နေထိုင်လျက် ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်
ထို့နောက် ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့အား “တာဗော်မြို့၌ သင်တို့သတ်ခဲ့သောသူတို့သည် မည်သို့သောသူနည်း”ဟု မေးသော် သူတို့က “သူတို့အားလုံးသည် သင်ကဲ့သို့ပင် ဘုရင့်သားတော်ရုပ်ရည်ရှိသူများဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။