အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 9:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ထိန်း မဲ့ သိုး အုပ် သို့ ကဲ့ သို့ ပင် ပန်း အား လျော့ သော လူ ပ ရိ သတ် တို့ ကို မြင် သ ဖြင့် က ရု ဏာ သက် တော် မူ၍၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြင်တော်မူ​သောအခါ သူတို့​ကို သနားကြင်နာသော​စိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​သည် သိုးထိန်း​မရှိသော သိုးများ​ကဲ့သို့ အားကိုးရာမဲ့​လျက် လမ်းပျောက်နေကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 9:36
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။


ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။


လူ​အသီးသီး​တို့​သည် အမဲလိုက်​ခံရ​သော​ဒရယ်​ကဲ့သို့​၊ စုစည်းပေး​မည့်​သူ​မ​ရှိ​သော​သိုး​ကဲ့သို့ ဖြစ်​လိမ့်မည်​။ မိမိ​လူမျိုး​ထံ ပြန်လှည့်​၍ မိမိ​ပြည်​သို့ ပြန်ပြေး​လာ​ကြ​လိမ့်မည်​။


ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။


အကယ်စင်စစ် တေရပ်ရုပ်တု​တို့​သည် လှည့်စား​သော​စကား​ကို​ဆို​၏​။ ဂမ္ဘီရပညာရှင်​တို့​လည်း မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ အလိမ်အညာ​အိပ်မက်​များ​ကို မြင်မက်​ပြီး အချည်းနှီး​နှစ်သိမ့်​ပေး​တတ်​၏​။ ထို့ကြောင့် လူ​တို့​သည် သိုးစု​ကဲ့သို့ လှည့်လည်​သွားလာ​ရ​ကြ​၏​။ သိုးထိန်း​မ​ရှိ​သဖြင့် အနှိပ်စက်​ခံရ​ကြ​၏​။


အကြောင်းမူကား ငါ​သည် ထို​ပြည်​တွင် သိုးထိန်း​တစ်​ဦး​ကို ပေါ်ထွန်း​စေ​မည်​။ သူ​သည် ပျောက်​သော​သိုး​တို့​ကို ဂရု​မ​စိုက်​၊ သိုးသငယ်​တို့​ကို မ​ရှာဖွေ​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ဆေး​မ​ကု​၊ ဆာလောင်​သော​သိုး​တို့​ကို​လည်း မ​ကျွေးမွေး​ဘဲ ဆူဖြိုး​သော​သိုး​တို့​ကို​မူ ခွာ​ကို​ချွတ်ပစ်​ပြီး အသား​ကို စား​လိမ့်မည်​။


ထာဝရဘုရား​၏​လူထု​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထို​သူ​သည် လူထု​ရှေ့​၌ ထွက်​ဝင်​နိုင်​သော​သူ​၊ ထို​သူ​တို့​ကို လမ်းပြ​ပို့ဆောင်​ပေး​နိုင်​သော​သူ ဖြစ်​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။


အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။


ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ကိုယ်တော်​က​လည်း“ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။


“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။


အကြောင်းမူကား ငါ​တို့​၏​ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​၏​အားနည်း​ခြင်း​များ​ကို မ​ထောက်ထား​မ​ညှာတာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်တော်​သည် ငါ​တို့​နည်းတူ စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်မူ​၏။ သို့သော် အပြစ်​နှင့်​ကင်းလွတ်​တော်မူ​၏။


သူ​ကိုယ်တိုင်​လည်း အားနည်း​ခြင်း​များ​ရှိ​သည်​ဖြစ်၍ အသိတရား​ကင်းမဲ့​လျက် လမ်းလွဲ​သော​သူ​တို့​ကို စာနာ​ထောက်ထား​နိုင်​၏။