ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
မဿဲ 9:15 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ Common Language Bible သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။ Garrad Bible ယေ ရှု က လူ ပျို ရံ တို့ သည် မင်္ဂ လာ ဆောင် သ တို့ သား နှင့် အ တူ ရှိ နေ သ မျှ အ တွင်း ညည်း တွား နိုင် ကြ သ လော။ သို့ သော် လည်း မင်္ဂ လာ ဆောင် သ တို့ သား ကို ရုပ် သိမ်း မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။ ထို ကာ လ အ စာ ရှောင် ကြ လ တ္တံ့။ Judson Bible ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မြန်မာ ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- |
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။
မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ အကြောင်းမူကား ဖာထားသောပိတ်စသည် အဝတ်ကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်များရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ပြင် ဤအကြောင်းအရာများကို သင်တို့အား ငါပြောသောကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျက်ရှိ၏။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။
တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။