“သခင်ဘုရား၊ အကျွန်ုပ်၏ငယ်သားတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းထန်စွာခံစားလျက် အိမ်၌လဲလျောင်းနေရပါ၏”ဟု တောင်းပန်လျှောက်ထားလေ၏။
မဿဲ 8:7 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါလာ၍ သူ့ကိုကျန်းမာစေမည်”ဟု မိန့်တော်မူသော် Common Language Bible ကိုယ်တော်က ``ငါလာ၍သူ့ရောဂါကိုပျောက်ကင်း စေမည်'' ဟုမိန့်တော်မူလျှင်၊ Garrad Bible ကိုယ် တော် က ငါ လာ၍ ပျောက် ကင်း စေ မည် ဟု ပြန် ဆို တော် မူ၏။ Judson Bible ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ငါလာ၍ သူ့ကို ကျန်းမာစေမည်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- |
“သခင်ဘုရား၊ အကျွန်ုပ်၏ငယ်သားတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းထန်စွာခံစားလျက် အိမ်၌လဲလျောင်းနေရပါ၏”ဟု တောင်းပန်လျှောက်ထားလေ၏။
တပ်မှူးက “သခင်ဘုရား၊ အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။