ထိုအခါ ပင်လယ်ပေါ်၌ ပြင်းထန်သောမုန်တိုင်းကျရောက်လာသဖြင့် လှေသည် လှိုင်းများအောက် နစ်လုမတတ်ဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် အိပ်စက်နေတော်မူ၏။
မဿဲ 8:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူလျှင် တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ Common Language Bible ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၏။ တပည့် တော်တို့သည်လည်းကိုယ်တော်နှင့်အတူလိုက်သွား ကြ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် လှေ ပေါ် သို့ တက်၍ တ ပည့် တော် တို့ လိုက် ကြ ရာ Judson Bible ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် လှေပေါ်သို့ တက်တော်မူ၍ တပည့်တော်များနှင့်အတူ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်တော်မူ၏။ မြန်မာ ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- |
ထိုအခါ ပင်လယ်ပေါ်၌ ပြင်းထန်သောမုန်တိုင်းကျရောက်လာသဖြင့် လှေသည် လှိုင်းများအောက် နစ်လုမတတ်ဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် အိပ်စက်နေတော်မူ၏။
ထို့နောက် ကိုယ်တော်သည် လှေပေါ်တက်၍ ပင်လယ်ကိုကူးပြီးလျှင် မိမိနေရပ်မြို့သို့ကြွတော်မူ၏။
ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က“တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ကိုယ်တော်ကလည်း ယောဟန်၏တပည့်တို့အား“သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားရကြ၏။