Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထို​နေ့ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​က“တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ထို​နေ့​၌​ပင်​ည​နေ​ချမ်း​အ​ချိန်​ကျ​ရောက်​လာ သော​အ​ခါ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အိုင် တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို နေ့ ည နေ ချမ်း အ ချိန် ရောက် သော် တစ် ဘက် ကမ်း သို့ ကူး သွား ကြ ကုန် အံ့ ဟု မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထို​နေ့ ညနေ​ရောက်​သောအခါ ယေရှု​သည် တပည့်တော်တို့​အား “တစ်ဖက်ကမ်း​သို့ ကူးကြစို့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:35
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။


ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိ​သော​လူထု​ပရိသတ်​ကို မြင်​တော်မူ​သောအခါ ပင်လယ်​တစ်ဖက်ကမ်း​သို့​ကူး​သွား​ရန် အမိန့်​ပေး​တော်မူ​၏။


ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ်


ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။


သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်ဖက်ကမ်း​သို့​ကူး​တော်မူ​၏။


တစ်​နေ့​သ၌ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​တက်​ပြီးလျှင်“အိုင်​တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည် ရွက်လွှင့်​သွား​ကြ​၏။


ထို့နောက် ကိုယ်တော်​က“သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။


လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။


ပင်လယ်​တစ်ဖက်ကမ်း​တွင် ကိုယ်တော်​ကို​တွေ့​ကြ​သောအခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အရပ်​သို့ မည်သည့်​အချိန်​က ကြွရောက်​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ