ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ ‘ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ချိန် မရောက်သေး’ဟူ၍ ဤလူတို့ ဆိုတတ်ကြသည်”ဟု မိန့်တော်မူ၏။
မဿဲ 8:21 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားတပည့်တော်တစ်ပါးက “သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ”ဟု လျှောက်လေ၏။ Common Language Bible အခြားတပည့်တော်တစ်ဦးက ``အရှင်၊ အကျွန်ုပ် အားအဖ၏အလောင်းကိုသင်္ဂြိုဟ်ရန်ခွင့်ပြုတော် မူပါ'' ဟုလျှောက်ထား၏။ Garrad Bible အ ခြား သော တ ပည့် တစ် ယောက် က လည်း အ ရှင် ဘု ရား အ ဘ ကို သင်္ဂြိုဟ် ရန် သွား ခွင့် ပေး ပါ ဦး ဟု လျှောက် သော် ယေ ရှု က ငါ့ နောက် သို့ လိုက် လော့။ Judson Bible အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားတပည့်တော်တစ်ဦးက “သခင်… အိမ်သို့ပြန်၍ အကျွန်ုပ်၏ဖခင်ကို ဦးစွာ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ” ဟု လျှောက်လေ၏။ မြန်မာ အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ ‘ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ချိန် မရောက်သေး’ဟူ၍ ဤလူတို့ ဆိုတတ်ကြသည်”ဟု မိန့်တော်မူ၏။
ငါ၏နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်သောသူတိုင်းသည် အဆတစ်ရာသောအကျိုးကိုခံစားရလျက် ထာဝရအသက်ကိုအမွေဆက်ခံရလိမ့်မည်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။