နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။
မဿဲ 6:34 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား မနက်ဖြန်သည် မိမိအတွက်စိုးရိမ်လိမ့်မည်။ နေ့တစ်နေ့၌ကြုံတွေ့ရသည့် မကောင်းမသင့်သောအရာသည် ထိုနေ့အတွက် လုံလောက်ပေ၏။ Common Language Bible ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။ Garrad Bible ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။ Judson Bible ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်နှင့် သက်ဆိုင်သောစိုးရိမ်စရာသည် မနက်ဖြန်၌သာ ရှိ၏။ ယနေ့ကြုံတွေ့ရသောဒုက္ခပြဿနာသည် ယနေ့အတွက် တော်လောက်ပေ၏။ မြန်မာ ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏ |
နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။
သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။
သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
သခင်ဘုရားကလည်း“မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့အတွက်စိုးရိမ်လျက် နှောင့်ယှက်ခြင်းကိုခံနေရ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သင်၏တံခါးကျင်တို့သည် သံနှင့်ကြေးနီဖြစ်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး လုံခြုံစွာနေရမည်။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။
ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။