ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
မဿဲ 6:28 - မြန်မာ့စံမီသမ္မာကျမ်း အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ Common Language Bible ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊- Garrad Bible အ ဝတ် အ တွက် လည်း အ ဘယ့် ကြောင့် စိုး ရိမ် ကြ သ နည်း။ တော ပေါက် နှင်း ပန်း ပင် များ သည် မ လုပ် မ ကိုင် မ ငင် မ ဝင့် ကြ ဘဲ မည် သို့ ကြီး ပွား သည် ကို ဆင် ခြင် ကြ လော့။ Judson Bible အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် အဘယ်ကြောင့် အဝတ်အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်၌ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွားရှင်သန်သည်ကို ကြည့်လော့။ ထိုအပင်တို့သည် ပင်ပန်းကြီးစွာ အလုပ်မလုပ်။ ချည်လည်း မငင်။ မြန်မာ အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- |
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။
သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
ထို့ကြောင့် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ရမည်နည်းဟုဆိုလျက် မစိုးရိမ်ကြနှင့်။
သခင်ဘုရားကလည်း“မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့အတွက်စိုးရိမ်လျက် နှောင့်ယှက်ခြင်းကိုခံနေရ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။
ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။