သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။
မဿဲ 5:32 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ Common Language Bible သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။ Garrad Bible ငါ ဆို သည် ကား မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ သော သူ တိုင်း၊ မျောက် မ ထား စေ သူ ဖြစ်၏။ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ တိုင်း လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ်၏။ Judson Bible ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူသည် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိသော်လည်း ခင်ပွန်းဖြစ်သူက ထိုဇနီးကို ကွာရှင်းလျှင် သူသည် မိမိဇနီးကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်စေရာရောက်၏။ ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ မြန်မာ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။- |
သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
ထိုအချိန်တွင် လူနှစ်ဦးတို့သည် ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုသူတို့မှာ မောရှေနှင့်ဧလိယတို့ဖြစ်ကြ၏။
ထိုအခါ မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၍ “ဤသူကား ငါရွေးကောက်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်နေစဉ် အခြားသောယောက်ျားနှင့်ပေါင်းလျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေဆုံးလျှင်မူကား ထိုပညတ်တရားမှ ကင်းလွတ်သည်ဖြစ်၍ အခြားသောယောက်ျားနှင့်ပေါင်းသော်လည်း ဖောက်ပြန်သောမိန်းမမဟုတ်ပေ။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍