စာကလေးနှစ်ကောင်ကို အဿရိတစ်ပြားနှင့် ရောင်းသည်မဟုတ်လော။ သို့ရာတွင် သင်တို့အဖ၏အခွင့်မရှိလျှင် ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။
မဿဲ 5:26 - မြန်မာ့စံမီသမ္မာကျမ်း သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။ Common Language Bible ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။ Garrad Bible ကျန် သော ကြေး တစ် ပြား ကို မျှ မ ဆပ် မ ချင်း ထောင် ထဲ မှ သင် ထွက် ရ မည် မ ဟုတ် ငါ အမှန် ဆို ၏။ Judson Bible လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြစ်လျှင် သင်ဆပ်ရမည့်ငွေကို အကုန်အစင်မဆပ်သရွေ့ ထောင်မှ လုံးဝလွတ်နိုင်မည်မဟုတ်။ မြန်မာ လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။- |
စာကလေးနှစ်ကောင်ကို အဿရိတစ်ပြားနှင့် ရောင်းသည်မဟုတ်လော။ သို့ရာတွင် သင်တို့အဖ၏အခွင့်မရှိလျှင် ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။
ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကွတ်ရန်တေးတစ်ပြားနှင့်ညီသော လတ္တာနှစ်ပြားကိုထည့်လေ၏။
သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။
သင့်အား ငါဆိုမည်။ နောက်ဆုံးလတ္တာတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်”ဟုမိန့်တော်မူ၏။
ထိုမျှမက သင်တို့နှင့်ငါတို့ကြားတွင် အလွန်နက်သောချောက်ကြီးရှိသဖြင့် ဤနေရာမှ သင်တို့ထံသို့လည်းကောင်း၊ သင်တို့နေရာမှ ငါတို့ထံသို့လည်းကောင်း ကူးလိုသော်လည်း မကူးနိုင်ကြ’ဟု ပြန်ပြောလေ၏။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။