မဿဲ 5:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နှုတ်တော်ကိုဖွင့်၍ သူတို့အား သွန်သင်တော်မူသည်မှာ Common Language Bible ထိုအခါကိုယ်တော်သည်သူတို့အားအောက် ပါအတိုင်းဟောပြောသွန်သင်တော်မူ၏။ Garrad Bible စိတ် နှိမ့် ချ သော သူ တို့၌ မင်္ဂ လာ ရှိ ၏။ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ်၏။ Judson Bible ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် သူတို့ကို စတင်၍ သွန်သင်တော်မူ၏။ မြန်မာ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊- |
နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။
ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။
ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။