သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
မဿဲ 5:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။ Common Language Bible ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။- Garrad Bible သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊ Judson Bible သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည်သောမြို့ကို ဖုံးကွယ်ထား၍ မရနိုင်။ မြန်မာ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- |
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘ဤသည်ကား ဂျေရုဆလင်မြို့တည်း။ ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးတကာတို့အလယ်၊ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံတို့အလယ်တွင် ချထား၏။
သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညနှင့်ဖြစ်စေ၊ အမှောင်နှင့်ဖြစ်စေ စပ်ဆိုင်ကြသည်မဟုတ်။
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။