အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 5:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ သည် ဤ မြေ ကြီး၏ ဆား ဖြစ် ၏။ ဆား သည် အ ငံ ကုန် လျှင် အ ဘယ် အ ရာ ဖြင့် ငံ စေ ကြ မည် နည်း။ လူ တို့ ပစ် လိုက် ကျော် နင်း ခံ ရန် မှ တစ် ပါး မည် သည့် အ သုံး မျှ ဝင် ဦး မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​သည် ဤ​လောက​၏​ဆား ဖြစ်ကြ၏။ သို့ရာတွင် ဆား​သည် အငန်ဓာတ်​ပျောက်ဆုံး​လျှင် ငန်သော​အရသာ​ကို မည်သို့​ပြန်ရနိုင်မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံးမဝင်တော့ဘဲ အပြင်​သို့ ပစ်လိုက်​သဖြင့် လူတို့​၏​နင်းခြေခြင်း​ကို ခံရ​ရုံသာ ရှိပေမည်။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-

အခန်းကိုကြည့်ပါ။



မဿဲ 5:13
8 ပူးပေါင်းရင်းမြစ်များ  

အရသာမရှိ​သော​အစာ​ကို ဆား​မပါ​ဘဲ စား​နိုင်​သလော​။ ကြက်ဥ​အကာ​၌ အရသာ​ရှိ​သလော​။


ဘောဇဉ်ပူဇော်သက္ကာ​ပြုလေတိုင်း ဆား​ခတ်​ရ​မည်​။ ထို​ဘောဇဉ်ပူဇော်သက္ကာ​ထဲ​၌ ဘုရားသခင်​၏​ပဋိညာဉ်​ဆား​ကို ခတ်​ရန်​မ​မေ့​နှင့်​။ သင်​ပူဇော်သက္ကာ​ပြုလေတိုင်း ဆား​ခတ်​ရ​မည်​။


လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။


သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။