ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။
မဿဲ 4:8 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ Common Language Bible ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။- Garrad Bible တစ် ဖန် မာရ် နတ် သည် ကိုယ် တော် ကို အ လွန် မြင့် သော တောင် ပေါ် သို့ ခေါ် သွား၍ လော က နိုင် ငံ ရှိ သ မျှ ကို ဘုန်း စည်း စိမ် ပါ ပြ ပြီး သော်၊ Judson Bible တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ပြီးလျှင် ကမ္ဘာလောကရှိ တိုင်းနိုင်ငံအားလုံးနှင့် ၎င်းတို့၏ ဘုန်းစည်းစိမ်အားလုံးကို ညွှန်ပြလေ၏။ မြန်မာ တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- |
ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ ရပ်စေပြီးလျှင်
ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့အံ့သြခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။