ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
မဿဲ 4:16 - မြန်မာ့စံမီသမ္မာကျမ်း အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။ Common Language Bible အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။ Judson Bible မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှောင်တွင် နေထိုင်ကြသောလူတို့သည် အလင်းရောင်ကြီးကို မြင်ရပြီ။ သေမင်းအရိပ်ရှိရာ အရပ်၌ နေကြသောသူတို့အပေါ်တွင် အလင်းသည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။ မြန်မာ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။- |
ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
သို့သော် ဒုက္ခဝေဒနာခံစားခဲ့ရသောပြည်၌ အမှောင်ဖုံးတော့မည်မဟုတ်။ ယခင်အချိန်က ဇာဗုလုန်နယ်နှင့် နဿလိနယ်ကို နှိမ့်ချခဲ့သော်လည်း နောင်တွင် ထိုနယ်၏ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့နေရာဂါလိလဲနယ်တို့ကို အသရေတင့်တယ်စေတော်မူမည်။
အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
အို အချင်းရန်သူ၊ ငါ့ကြောင့် သင်ဝမ်းမမြောက်နှင့်။ ငါသည် လဲကျသော်လည်း ပြန်ထမည်။ မှောင်မိုက်၌ နေရသော်လည်း ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။