ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။
မဿဲ 27:6 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက် Common Language Bible ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။- Garrad Bible ပ ရော ဟိတ် ကြီး တို့ သည် ထို ငွေ ကို ယူ၍ သွေး ဖိုး ငွေ ဖြစ် သော ကြောင့် အ လှူ တိုက် တွင် မ သွင်း အပ် ဟု ဆို လျက် တိုင် ပင် ပြီး လျှင် Judson Bible ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များကလည်း ထိုငွေများကို ယူ၍ “ဤငွေသည် လူသတ်ရန် ပေးထားသော ငွေဖြစ်သောကြောင့် ဗိမာန်တော် အလှူသေတ္တာထဲသို့ မသွင်းသင့်” ဟု ဆိုကြ၏။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- |
ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။
မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုတ်ကိုမူကား မျိုချကြ၏။
ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။
သို့သော် သင်တို့သည် ‘လူတစ်ဦးက ဖခင်၊ သို့မဟုတ် မိခင်အား “အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်ပါပြီ”ဟူ၍ ပြောလျှင် ရ၏’ဟု ဆိုလျက်
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။