ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
မဿဲ 27:36 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုနေရာ၌ ထိုင်လျက် ကိုယ်တော်ကို စောင့်ကြည့်ကြ၏။ Common Language Bible ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။- Garrad Bible စောင့် ကြပ် နေ ထိုင် ကြ၏။ Judson Bible ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ထိုနေရာ၌ ထိုင်၍ ကိုယ်တော်ကို စောင့်ကြည့်ကြ၏။ မြန်မာ ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- |
ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။
ပိလတ်မင်းသည် ယေရှုသေဆုံးပြီလောဟုအံ့ဩ၍ တပ်မှူးကိုခေါ်လျက် ယေရှုသေဆုံးပြီဖြစ်ကြောင်း ဟုတ်၊ မဟုတ်မေးလေ၏။