ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
မဿဲ 27:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။ Common Language Bible ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။- Garrad Bible ဗာ ရ ဗ္ဗ ခေါ် ကျော် စော သော အ ကျဉ်း သား တစ် ယောက် ရှိ သည် နှင့် Judson Bible ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနှစ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဗာရဗ္ဗဟု ခေါ်သည့် အကျဉ်းသားတစ်ဦးရှိ၏။ မြန်မာ ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- |
ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။
ထိုအချိန်တွင် ဆူပူအုံကြွမှုဖြစ်စဉ်က လူသတ်မှုကျူးလွန်သဖြင့် ဆူပူအုံကြွသူများနှင့်အတူအကျဉ်းချခံရသည့် ဗာရဗ္ဗဟုခေါ်သောသူတစ်ဦးရှိ၏။
ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့အတွက် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူကို သူတို့တောင်းဆိုသည့်အတိုင်း လွှတ်ပေးပြီး ယေရှုကိုမူ သူတို့ဆန္ဒအတိုင်းပြုရန် အပ်နှံလိုက်လေ၏။
ထိုအခါ သူတို့က “သူ့ကိုမလွှတ်ဘဲ ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု ပြန်၍အော်ဟစ်လျှောက်ထားကြ၏။ ဗာရဗ္ဗကား ဓားပြဖြစ်၏။
သင်တို့သည် သန့်ရှင်း၍ဖြောင့်မတ်သောအရှင်ကိုငြင်းပယ်ပြီး သင်တို့အတွက် လူသတ်သမားကိုလွှတ်ပေးရန် တောင်းဆိုကြကာ
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။