အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
မဿဲ 26:5 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။ Common Language Bible သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။ Garrad Bible ပြည် သူ ပြည် သား တို့ ရုန်း ရင်း ခတ် ပြု ကောင်း ပြု လိမ့် မည် ဟု ဆို ကြ၏။ Judson Bible သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “သို့သော် လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။ မြန်မာ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ |
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။
ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
သို့သော် သူတို့က “လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက်ကြလိမ့်မည်။
‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် သူတို့သည် ငါတို့ကို ခဲနှင့်ပေါက်သတ်ကြလိမ့်မည်”ဟု ပြောဆိုကြ၏။
တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
သို့ဖြစ်လျှင် သင်သည် ဤနေ့များမတိုင်မီက ပုန်ကန်ထကြွလျက် အကြမ်းဖက်သမားလေးထောင်ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်အမျိုးသားမဟုတ်လော”ဟု မေးလေ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။